ဝန်းသိုမြို့နယ် သဖန်းဆိပ် ကျေးရွာမှာ Cash for Work စီမံကိန်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

Cash for Work Activities in Tha Fen Seik Village of Wuntho Completed 100 Percent

Sagaing, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ဝန်းသိုမြို့နယ် သဖန်းဆိပ် ကျေးရွာမှာ Cash for Work စီမံကိန်း အရှည်ပေ ၄၀၀၀ ကျော်၊ အကျယ် ၁၂ ပေနဲ့ ထု ၆ လက်မ ဂျင်းမြေခင်းပြီး၊ ကျောက်မှုန့် ထပ်ပိုးခင်းခြင်း လုပ်ငန်း၊ အကျယ် ၁ ပေခွဲ အနက် ၁ ပေခွဲ လမ်းဘေး ဝဲယာ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း ကွန်ကရစ် ရေပြွန် သုံးစင်း တည်ဆောက်ခြင်း အပြင် ရေစီးရေလာ ကောင်းဖို့ လိုအပ်နေတဲ့ နေရာတွေမှာ သစ်သား ရေမြောင်း ၂ စင်းတို့ကို ဆောင်ရွက် ထားမှု ရာခိုင်နှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီလုပ်ငန်းတွေ အရည်အသွေး ပြည့်မှီစေရေးနဲ့ စီမံကိန်း ညွှန်ကြားချက်တွေနဲ့ အညီ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ဝန်းသိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်းနဲ့ စီမံကိန်း တာဝန်ခံ ဝန်ထမ်းတွေက လှည့်လည် ကြည့်ရှု့ပြီး၊ နေ့စဉ် လုပ်အားခပေး ချေမှု မှတ်တမ်း စာအုပ်၊ နေ့စဉ် လုပ်သားစာရင်းချုပ်၊ အပတ်စဉ်နဲ့ လစဉ် လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံခြင်း စတဲ့ စာရင်း ဇယားတွေကို စစ်ဆေးကာ လိုအပ်တာတွေကို တည့်မတ် ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage