ရွှေကူမြို့နယ်၌ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာ (၄) ရွာတွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ရွှေကူ စက်တင်ဘာ ၁၀

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ ကာလ အတွင်း ကျေးလက်နေ ပြည်သူများ၏ မိသားစု စားဝတ်နေရေး အခက်အခဲ ကုစားပေးနိုင်ရန်အတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော ရွှေကူမြို့နယ် တာလီကျေးရွာ၊ ပန်းတင်၊ လမ်းကူးနှင့် မြိုင်သာ ကျေးရွာတို့တွင် စက်တင်ဘာလ ၈ ရက်နေ့၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီး စီးပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ သိရသည်။

အဆိုပါ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်သော ရွှေကူမြို့နယ် တာလီကျေးရွာတွင်း လမ်းအရှည် (၂၀၀၀) ပေ၊ အကျယ် (၁၅) ပေ၊ အထူ (၆)လက်မနှင့် လမ်းအရှည် (၈၀၀) ပေ၊ အကျယ် (၁၂) ပေ၊ အထူ (၆) လက်မရှိသော သဲကျောက်လမ်းခင်းခြင်း ၊ ပန်းတင်ကျေးရွာ လမ်းအရှည် (၁၈၀၀) ပေ၊ အကျယ် (၁၅) ပေ၊ အထူ(၈)လက်မရှိ သဲကျောက်လမ်း ခင်းခြင်း၊ လမ်းကူးကျေးရွာတွင် အရှည်(၉၄၀)ပေ၊ အမြင့်(၆) ပေရှိသော စာသင်ကျောင်း ခြံစည်းရိုး ကာရံခြင်းနှင့် မြိုင်သာကျေးရွာရှိ စာသင်ကျောင်းအား အရှည်(၃၈၄)ပေ၊ အမြင့်(၆)ပေ ရှိသော ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများကို ကျေးရွာနေ ပြည်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်နှင့် စီမံကိန်းတာဝန်ခံ ဦးကျော်ညီညီတို့က သွားရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်၍ ကျေးရွာတွင်း လမ်းများ တွင် ဒေသခံပြည်သူများ ကောင်းမွန်စွာ သွားလာနိုင်ပြီး ကျေးရွာ စာသင်ကျောင်း များ၏ ခြံစည်းရိုး ကာရံခြင်းများကိုလည်း ဒေသခံ ပြည်သူများ၏ လုပ်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင် ခဲ့ကြောင်း သိရှိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/9953