ကသာခရိုင် ထီးချိုင့်မြို့နယ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

Cash for Work Activities in Tigyaing of Kathar District Completed in 2019-2020 Fiscal Year

Sagaing, 28 September 2020, Ministry of Information

ထီးချိုင့် စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်း ကျေးရွာ ( ၆ ) ရွာတွင်လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက် လျက် ရှိရာ ကျေးရွာနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခဲ့ကြောင်းသိရပါသည်။

ကိုဗစ် - ၁၉ ရောဂါကာလအတွင်း Cash For Work စီမံကိန်းလုပ်ငန်းများကို ကျေးလက်နေ ပြည်သူများ ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်စေခဲ့ပြီး စီမံကိန်း ကျေးရွာ ( ၁ ) ရွာလျှင် ငွေကျပ်သိန်း (၁၀၀) နှုန်းဖြင့် ပစ္စည်း တန်ဖိုး ( ၄၀ ) ရာခိုင်နှုန်း၊ လုပ်အားတန်ဖိုး ( ၆၀ ) ရာခိုင်နှုန်းဖြင့် ကွန်ကရစ် ဘီးလမ်းနှင့် မြေသားလမ်း ခင်းခြင်း လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက် ခဲ့ရာ ယခုအခါ (၁၀၀)ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရပါသည်။

ထီးချိုင့် မြို့နယ်တွင် Cash For Work စီမံကိန်း ဆောင်ရွက်ခဲ့သော အုတ်ဆုံကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း (၈၅၀ )ပေနှင့် မြေသားလမ်း (၁၀၀၀) ပေ၊ ဖုန်ကုန်းကြီး ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း ( ၁၃၀၀ ) ပေ၊ ချိတ်သင် ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း ( ၇၀၀ ) ပေနှင့် မြေသားလမ်း (၁၀၀၀) ပေ၊ ဘိုကုန်း ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း (၁၀၀၀) ပေ၊ ဝန်တင်ကုန်း ကျေးရွာတွင် ကွန်ကရစ် ဘီးလမ်း (၇၀၀) ပေနှင့် မြေသားလမ်း (၉၀၀) ပေ၊ ဇီးသောင် ( အရှေ့ )ကျေးရွာတွင် ကွန်ကရစ်ဘီးလမ်း ( ၉၀၀) ပေနှင့် မြေသားလမ်း ( ၈၀၀ ) ပေတို့ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရပါသည်။

ရဲလင်းထွန်း ( ထီးချိုင့် )

စစ်ကိုင်းတိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13295