နိုင်ငံတော်အစိုးရမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် Cash for Work စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိ

နိုင်ငံတော် အစိုးရမှ Cash for Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာမှာ ဩဂုတ်လ ၈ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ အဆိုပါ စီမံကိန်း ဖြင့် ဖားကလူ အုပ်စုနဲ့ ထို့တူကေး ကျေးရွာမှာ ကျောင်း အဝင်လမ်းများ ပြုပြင်ခြင်းကို လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး မိုးကုတ်မြို့နယ် ညောင်ထောက် (မြောက်)နဲ့ ညောင်ထောက် ကျေးရွာတို့မှာ ရေနုတ်မြောင်း ပြုပြင်ခြင်းနဲ့ လမ်းပြုပြင်ခြင်းများကို လည်းကောင်း မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူ မြို့နယ် မကျဉ်းပင်ပု ကျေးရွာအတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို လည်းကောင်း၊ ဩဂုတ်လ ၉ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်း ဒေသကြီး၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်းယွန်း မြို့နယ် ပါပွန်ကျေးရွာနဲ့ နန်းယန်း ကျေးရွာတို့မှာ ရေပိုက်လိုင်း သွယ်တန်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းနဲ့ ဆိုင်ကယ်လမ်း တိုးချဲ့ခြင်းများကို လည်းကောင်း၊ ဧရာဝတီတိုင်း လေးမျက်နှာ မြို့နယ် အချုပ်ကြီး အုပ်စု ရှားဖြူကျင်းကျေးရွာမှာ ကျေးရွာ အဝင်လမ်း ကွန်ကရစ် လမ်းခင်းခြင်း၊ ရေနုတ်မြောင်း တူးဖော်ခြင်းနဲ့ လမ်း ပုခုံးကပ်ခြင်းတို့ကို လည်းကောင်း၊ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

 

ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေး သုတေသန ဦးစီးဌာနမှာ ဆီထွက် သီးနှံ ဗဟို သုတေသန စိုက်ပျိုးရေးခြံ (မကွေး) မှာ စိုက်ပျိုးရေး ဦးစီးဌာန၊ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ပဲတီစိမ်း အထွက်ကောင်း မျိုးများ သရုပ်ပြပွဲကို ကျင်းပခဲ့ကြရာ ပဲတီစိမ်း သီးနှံ ဌာနစုမှ စမ်းသပ်ထားတဲ့ မျိုးများ အကြောင်းကို အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။

 

သတင်း - တိုင်းဒေသကြီး/ပြည်နယ် (ပြန်/ဆက်)

https://youtu.be/ydFAkJsIC0M

https://www.mrtv.gov.mm/mm/news-84303