ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် Cash for Work စီမံကိန်း ရာနှုန်းပြည့်ပြီးစီး

Cash for Work Project under Covid-19 Economic Relief Plan in Yegyi Completed 100 Percent

Ayeyarwaddy, 28 September 2020, Ministry of Information

ရေကြည် စက်တင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးမှု အားနည်းသော ကျေးရွာအုပ်စုမှ‌ ကျေးလက်နေ ပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် မိသားစုဝင်ငွေ ရရှိရေးလုပ်ငန်းများ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ကုစားနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်းရှိကျေးရွာ (၁၃) ရွာအား တစ်ရွာလျှင် ငွေကျပ်သိန်း (၁၀၀)နှုန်းဖြင့် စီမံကိန်းရန်ပုံငွေ စုစုပေါင်းငွေကျပ် သိန်း(၁၃၀၀) ဖြင့် လမ်းလုပ်ငန်း(၁၃)ခုကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှ စက်တင်ဘာလ ပထမပတ် အတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး Cash For Work စီမံကိန်းရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ခြင်းအားဖြင့် ကျေးရွာ(၁၃)ရွာရှိ အိမ်ထောင်စု(၈၈၉)စုရှိ ကျေးရွာနေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး သွားလာဆက်သွယ်မှု အဆင်ပြေစေရေးအတွက် အကျိုးပြုမည်ဖြစ်သည်။

စီမံကိန်းလုပ်သား တစ်ဦးချင်းစီ၏ နေ့စားလုပ်အားခ ရရှိသည့်အတွက် မိသားစု၀င်ငွေရရှိခဲ့ပြီး လုပ်ငန်းများ အားလုံး ရာနှုန်းပြည့်ပြီးစီး အောင်မြင်ခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13198