ခရမ်းမြို့နယ်တွင် Cash for Work စီမံကိန်း စီမံခန့်ခွဲမှု သင်တန်းဖွင့်လှစ်

ခရမ်း ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန Cash for Work စီမံကိန်းကျေးရွာအဆင့် စီမံခန့်ခွဲမှုသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ခရမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင် က အဖွင့်အမှာစကား ပြောကြားပြီး စီမံကိန်းတာဝန်ခံ ဒေါ်မေသူဇင်က Cash For Work စီမံကိန်း အကြောင်း မိတ်ဆက်ခြင်း၊ စီမံကိန်းစက်ဝန်း၊ လုပ်ထုံး လုပ်နည်း ပုံစံများ၊ ကော်မတီဝင်များ၏ လုပ်ငန်း တာဝန်နှင့် လိုက်နာရမည့်စည်းကမ်းချက်များ၊ ငွေကြေးစီမံခန့်ခွဲမှုတို့ကို ရှင်းလင်းခြင်း၊ အကျုံးမဝင်သောလုပ်ငန်းများ၊ စီမံကိန်းလုပ်ငန်းအတွက် ပြင်ဆင်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဝယ်ယူရေး၊ လမ်းညွှန်ချက်ပုံစံများ ကြီးကြပ်ခြင်းနှင့် သတင်းအချက်အလက်ဆိုင်ရာ ကောက်ယူ ရမည့် နည်းလမ်းပုံစံများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သင်တန်းသို့ စီမံကိန်းကျေးရွာများဖြစ်သည့် ပဇင်းနီကန်၊ ညောင်ကုန်း၊ ကမာပတော၊ တီတွတ် ကျေးရွာများမှ စီမံကိန်းဝင် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး စီမံကိန်းတာဝန်ခံနှင့် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သင်ကြားပို့ချ ပေးခဲ့ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA...