ချောက်မြို့နယ်အတွင်း Covid ကြောင့် လူမှု စီးပွား ထိခိုက်မှုများအတွက် Cash for Work စီမံကိန်းနှင့် ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းများကို ကျေးရွာ ၂၄ ရွာတွင် ဆောင်ရွက်မည်

ချောက် ဇူလိုင် ၇

မကွေးတိုင်း ဒေသကြီး မကွေးခရိုင် ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကိုဗစ် - ၁၉ ကြောင့် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ထိခိုက်မှုများကို တုံ့ပြန် ဆောင်ရွက်တဲ့ အနေဖြင့် ချောက်မြို့နယ် အတွင်း Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၁၂ ရွာနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း ၁၂ ရွာ မှာ လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရပါတယ်။

အဆိုပါ စီမံကိန်းများအတက် Cash for Work စီမံကိန်းဟာ ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျေးရွာများရဲ့ လိုအပ်ချက်များကို ကျေးရွာ လူထု ကိုယ်တိုင် ရွေးချယ် ဖော်ထုတ်ပြီး၊ ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်စေပြီး၊ ချက်ချင်း လုပ်အားခ ပေးချေခြင်း စနစ်နဲ့ ကျေးလက်နေ ပြည်သူများ ဝင်ငွေ ရရှိစေဖို့ ရည်ရွယ်ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးတဲ့ စီမံကိန်း ဖြစ်ပါတယ်။

ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းဟာ အသေးစား စိုက်ပျိုး ထုတ်လုပ်သူများ၊ လုပ်ကွက်ငယ် တောင်သူများ၊ သွင်းအားစု ရရှိစေရေးနဲ့ မိသားစု ဝင်ငွေ တိုးပွားလာစေဖို့အတွက် ကျေးရွာမှာ ရှိတဲ့ အိမ်ခြေပေါ် မူတည်ပြီး၊ ကျေးရွာ မတည် ရန်ပုံငွေ ကျပ် သိန်း ၁၀၀ မှ သိန်း ၃၀၀ ထိထောက်ပံ့ပြီး၊ အကောင်အထည်ဖော် ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ သိရှိရပါတယ်။

#CERP

#CFW

#DRD

#MOALI

https://web.facebook.com/mrtvwebmediaportal/videos/2633719480288418/?t=0