မြစ်သားမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့်ဆောင်ရွက်သောလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မြစ်သား သြဂုတ် ၁၈

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစ်သားမြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သောလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရသည်။

 

လုပ်ငန်းများစစ်ဆေးရာတွင် Cash for Work စီမံကိန်းဖြင့်ဆောင်ရွက်သော တဲကြီးကျေးရွာ ရေနှုတ်မြောင်း တူးခြင်း လု်ပငန်း(၄၁၇၀ ပေ X ၂ ပေ X ၂ ပေ)နှင့် ရွာတွင်းလမ်း ဂျင်းခင်းခြင်း လုပ်ငန်း(၂၀၀၀ ပေ X ၁၆ ပေ X ၉ လက်မ)၊ မှိုင်းဟုန်ကျေးရွာဂျင်းခင်းခြင်း(ဂျင်း ၁၃၀၀ ပေ X ၁၂ ပေ X ၃ လက်မ) (ဂျင်း ၁၆၀၀ ပေ X ၁၄ ပေ X ၃ လက်မ)၊ ဂျင်း ၂ X (၆၀၀ ပေ X ၂ ပေ X ၁၀ လက်မ)လုပ်ငန်း၊ ကျောက်မှုန့်တင်ခြင်းလုပ်ငန်း (ကျောက် ၁၃၀၀ ပေ X ၁၂ ပေ X ၂ လက်မ)၊ (ကျောက် ၁၆၀၀ ပေ X ၁၄ ပေ X ၂ လက်မ)နှင့် အမှိုက်ကျင်းတူးဖော်ခြင်း(၇၅ ပေ X ၃၀ ပေ X ၆ ပေ)လုပ်ငန်းများ ဖြစ်ပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျောက်ဆည်ခရိုင် ဦ:စီးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင် းဖြစ်သည်။

 

မြစ်သားမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်−၁၉ ကာလအတွင်း စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်နေ ပြည်သူများ၏ မိသားစုများ ဝင်င ွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်တွင် Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

ဆုမွန်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/5165