ပျော်ဘွယ်မြို့နယ် သီးကုန်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းကို ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ပျော်ဘွယ်မြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ပံ့ပိုးငွေဖြင့် ကြည်နေအုပ်စု သီးကုန်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်နေမှုကို မေလ ၁၂ ရက်နေ့ မနက် ၉ နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

 

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ မန္တလေးတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး၊ ဦးသက်နိုင်ဦး ပျော်ဘွယ် မြို့နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်တိုးတိုးစိန်နဲ့ တာဝန်ရှိသူများဟာ ကျေးရွာ လူထု ဗဟိုပြု စီမံကိန်း ကော်မတီဝင်များနဲ့ အတူ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု့ စစ်ဆေးကာ သတ်မှတ် စံချိန်စံညွှန်း ပြည့်မှီစွာဖြင့် အချိန်မှီ ပြီးစီးရေး ဆွေးနွေး မှာကြားခဲ့ပါတယ်။

 

အဆိုပါ သီးကုန်းကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ရန်ပုံငွေဖြင့် ၂၈ ဒဿမ ၄၅ သန်း ဖြင့် အရှည်ပေ ၁၉၀ ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ခင်းခြင်းကို လူထု ဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူးများရဲ့ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာလူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး၊ လုပ်ငန်းများ ပြီးစီးသွားပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ ၃၂၂ အိမ်မှ လူဦးရေ ၁၀၀၀ ကျော်တို့ရဲ့ လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေ လွယ်ကူတော့မှာ ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ နည်းပညာ ဦးညီညီမွန်းလွန်းထံမှ သိရှိရပါတယ်။

 

ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,