စာသင်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားကျင်းပ

(၆.၃.၂၀၁၈)ရက်နေ့

ကယားပြည်နယ်၊ ဘောလခဲ-ဖားဆောင်း-မယ်စဲ့ မြို့နယ်လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ် စက်ဝန်း)အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ဖားဆောင်းမြို့နယ်၊ ဝမ်အောင်း အုပ်စု၊ ဝမ်အောင်း(ကယား)ကျေးရွာ စာသင်ကျောင်းဆောင်ဖွင့်ပွဲအခမ်းအနားတွင် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်စီမံကိန်းတာဝန်ခံ၊ ဘောလခဲခရိုင်ကျေးလက်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး DRD,CDD စီမံကိန်းဝန်ထမ်းများ၊ ကျေးရွာသူ/သားများ တက်ရောက်၍ အောင်မြင်စွာကျင်းပဆောင်ရွက်ခဲ့ပါသည်။