လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ကျေးရွာ အုပ်စု အစည်းအဝေးကို ကော်သူဒိုး ကျေးရွာ ခန်းမဆောင်တွင် ကျင်းပ

Meeting Organized for NCDDP’s Village Tract Coordination for Sub-project Activities in Bawlake, Hpasawng and Mese

Kayah, 4 December 2020, Development News TV

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကယားပြည်နယ် ဘော်လခဲ၊ ဖားဆောင်း၊ မယ်စဲ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ကျေးရွာ အုပ်စု ပထမ အကြိမ် အစည်းအဝေးကို ကော်သူဒိုး အုပ်စု ကော်သူဒိုး ကျေးရွာ ခန်းမဆောင်တွင် ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းထွေးသူ၊ ကော်သူလေး ကျေးရွာ အုပ်စုမှ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ၊ လက်ထောက် နည်းပညာ မှူး တစ်ဦး၊ လူထု စည်းရုံးရေးမှူးများနှင့် မြို့နယ် ဦးစီးမှူး ဦးသန်းဝင်းစိုးနှင့် CSAG ဒေါ်သန္တာစိုးတို့ သက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်သူ လွှတ်တော်ကိုယ်စားလှယ်က အဖွင့် အမှာ စကား ပြောကြားခဲ့ပြီး၊ မြို့နယ် ကျေးလက် ဦးစီးမှူးက အစည်းအဝေး ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြော ကြားခဲ့သည်။

ထို့နောက် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ပုံငွေ ခွဲဝေခြင်း၊ အုပ်စု ကော်မတီဝင်များအား ပြန်လည် ရွေးချယ် အတည်ပြုခြင်းနှင့် နည်းပညာ ဆိုင်ရာ လိုက်နာ ဆောင်ရွက်ရမည့် လိုအပ်ချက်များ စီမံကိန်း မူဝါဒနှင့် အညီ ဆောင်ရွက်ရန် နည်းလမ်းများအား ဆွေးနွေး အတည်ပြုခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုး ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://www.facebook.com/108312817273501/videos/1759825907512586