ပေါက်မြို့နယ် ကျေးရွာ မူလတန်းကျောင်းဆောင် ဆောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းက ထောက်ပံ့ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ကျောက္ကာ အုပ်စု နွယ်ခေါင် ကျေးရွာ မူလတန်းကျောင်းဆောင် စာသင်ကျောင်းဆောင် ဆောက်လုပ်နေမှု အခြေအနေတွေကို မေလ ၈ ရက် မနက်ပိုင်း တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေး ကြည့် ရှု  ကြပါတယ်။

အဲလို ကွင်းဆင်း စစ်ဆေးရာမှာ ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာမှူး ဦးကျော်သက်၊ လူထု စည်းရုံးရေးမှူး ဦးကျော်မင်းထွန်းတို့က လုပ်ငန်း ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြီး၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ပြီးတော့ လိုအပ်တဲ့ နည်းပညာတွေကို လုပ်ဆောင်နိုင်ဖို့ လမ်းညွှန်မှာကြား ပါတယ်။

အဲဒီ ကျေးရွာ မူလတန်းကျောင်းဆောင် ဆောက်လုပ်နေမှုကို လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းက ထောက်ပံ့ငွေ ၁၁၄ သိန်း ကျေးရွာ ထည့်ဝင်ငွေ ၁၅ သိန်း စုစုပေါင်း ၁၂၉ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့နဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ လုပ်အားတွေ စုပေါင်းပြီး၊ အလျား ပေ ၄၀၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,