မြို့နယ် ဦးစီးမှူးနှင့်အဖွဲ့ ခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်း မိုင်းခတ်မြို့နယ်တွင် ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရန်ကျော်၊ အငယ်တန်း အင်ဂျင်နီယာ ၂

ဦးဟိန်းမင်းစိုးတို့က ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့မှာ ပြည်ထောင်စု ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေတွေနဲ့ ဆောင်ရွက်လျက်ရှိတဲ့ ဟိုလင်းကျေးရွာ

စိမ့်စမ်းရေ သွယ်ယူခြင်း လုပ်ငန်း၊ ထောပဲခူ ကျေးရွာ စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းတွေကို ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

ဆက်လက်ပြီးတော့ မြို့နယ် ဦးစီးမှူးနဲ့ အဖွဲ့ဟာ မိုင်းခတ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ရန်ပုံငွေနဲ့ စတင်အကောင်အထည်ဖော်

ဆောင်ရွက်နေတဲ့ ပန်ထိုလု ကျေးရွာ ခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ နံသာပီး ကျေးရွာ ခန်းမဆောင် တည်‌ဆောက်ခြင်း လုပ်ငန်းတွေကို

ကွင်းဆင်း စစ်ဆေးပြီး လိုအပ်တာတွေ အကြံပြု ဆွေးနွေးမှာကြားပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank