ကော့ကရိတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်းလုပ်ငန်းခွဲတွေကို ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိတဲ့ ကော့ကရိတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်းက ဒုတိယနှစ် စက်ဝန်းမှာ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်း အခြေအနေတွေကို ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုညွှန်မှူး ဦးစတင်ငွေနှင့် အဖွဲ့မှ ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း စစ်ဆေးတယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ ကွင်းဆင်း ဝန်ထမ်းတွေ ကျေးရွာ ကော်မတီဝင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး၊ လက်ရှိဆောင်ရွက် ခဲ့တဲ့ လုပ်ငန်း အပေါ်မှာ သတ်မှတ်ထားတဲ့ စံ သတ်မှတ်ချက်နဲ့ အညီ ဆောင်ရွက်ထားရှိမှုနဲ့ လာမယ့်နှစ် စီမံကိန်း လုပ်ငန်းတွေအတွက် ကျေးရွာအနေနဲ့ အမှန်တစ်ကယ် လိုအပ်လျက် ရှိတဲ့ လုပ်ငန်းတွေကို ဦးစားပေး ရွေးချယ် လုပ်ဆောင် စေဖို့ အကြံပြု ဆွေးနွေးခဲ့ပြီး၊ ရေကျော်ကြီးအုပ်စု လှိုင်ဝကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းနှင့် ရေပူကြီးအုပ်စု ညီညာသာလင်းကျေးရွာ ဘက်စုံသုံးခန်းမ ဆောင် ဆောင်ရွက်နေမှုတွေကို ကြည့်ရှုစစ်ဆေးတယ်လို့ သိရပါတယ်။

သတင်း - စိုးထက်အောင် (ပြန်ဆက်)

#NCDDP, #DRD, # MOALI, # WorldBank