သတင်း ပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်း ဓါတ်ပုံ ပြခန်း ပေါက်မြို့နယ်တွင် ပြုလုပ်

ပြည်သူများ စီမံကိန်း အကြောင်း ပိုပြီးတော့ သိရှိလာစေဖို့ ရည်ရွယ်ပြီး၊ သတင်း ပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်း ဓါတ်ပုံ ပြခန်းဖွင့်ပွဲ အခမ်းအနားကို ပေါက်မြို့နယ် ကမ်းပြို ကျေးရွာမှာ ၆၁ နှစ်မြောက်အေးစေတီ ဗုဒ္ဓပူဇနိယ မြတ်စွာ ဘုရားပွဲတော်မှာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့ရာမှာ ကမ်းပြိုကျေးရွာ ရွာဦးကျောင်း ဆရာတော် ဦးတေဇိတ္တ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးအေးသန့်နှင့် တာဝန်ရှိသူတွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

အခမ်းအနားကို ကမ်းပြို အရှေ့ကျောင်းဆရာတော် ဦးတေဇိတ္တက ဩဝါဒစကား မြွက်ကြားတော် မူခဲ့ပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးဒေါ်အေးအေးသန့်က အမှာစကား ပြောကြားပါတယ်။ ဆက်လက်ပြီးတော့ လူထုဗဟိုပြု စီမံကိန်း နည်းပညာအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးသိန်းဇော်က စီမံကိန်း လုပ်ငန်း ဆောင်ရွက်ထားရှိမှု အစီအစဉ်တွေ ချိတ်ဆက်အကောင်အထည်ဖော်ကြဖို့နဲ့ သတင်းပြန်ကြား ဆက်သွယ်ရေး တာဝန်ခံ နည်းပညာ အကြံပေး ဦးမျိုးဝင်းထွန်းက သတင်းပြန်ကြား ဆက်သွယ်ရေးနဲ့ မှတ်တမ်း ဓါတ်ပုံ ပြခန်း ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်း ပြောကြားပါတယ်။

အဲဒီအခမ်းအနားကို တက်ရောက်လာကြသူတွေက ပြခန်းမှာ ပြသထားတဲ့ မှတ်တမ်းဓါတ်ပုံတွေကို လှည့်လှည်ကြည့်ရှုကြပြီး၊ စီမံကိန်းက ပဟေဠိမေးခွန်းကိုတွေ ဖြေဆိုစေပြီး၊ ဖြေဆိုနိုင်သူတွေကို စီမံကိန်း ဝန်ထမ်းတွေက စီမံကိန်း အမှတ်တံဆိပ်ပါ မိုးကာ အင်ဂျီ၊ တီရှပ်၊ ဦးထုပ်နဲ့ လက်စွဲစာစဉ်တွေ ချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank