ထန်းတပင်မြို့နယ်တွင် စတုတ္ထနှစ် စီမံကိန်း စက်ဝန်း သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့

စီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွင်း ကျေးရွာ အုပ်စု (၅၄)အုပ်စု ကျေရွားပေါင်း(၂၅၂) ရွာ တွင် လုပ်ငန်းခွဲပေါင်း (၉၉၆) တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိ သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စီမံကိန်း မြို့နယ် တစ်ခုဖြစ်သော ထန်းတပင် မြို့နယ်၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ၃၀.၅.၂၀၁၈ ခုနှစ်တွင် ထန်းတပင် မြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကြည် မှ ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး ကျေးလက်ဦးစီးဌာန(ရုံးချုပ်) ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးမှ တက်ရောက်လာသူ ကော်မတီဝင်များအား "စီမံကိန်းလုပ်ငန်းခွဲများ ရေးရှည်တည်တံ့ရေးအတွက် မည်သို့ဆောင်ရွက်သင့်သလဲ"ဆိုသည့် အချက်အား အလေးပေး ဆွေးနွေးစေလိုကြောင်း တိုက်တွန်း ပြောကြား ခဲ့ပါသည်။

၄င်းအပြင် ထန်းတပင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် ကမ္ဘာ့ဘဏ်အဖွဲ့ ကိုယ်စားလှယ် ဒေါ်သိင်္ဂီမင်းတို့မှလည်း အသီးအသီး အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ် နည်းပညာအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးပီတာထန်ခပ်မုံ မှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်း တင်ပြခဲ့ပြီး နောက်တွင် အစည်းဝေးတက်ရောက်လာသူ ကျေးရွာလူထု အား အုပ်စု ရ ဖွဲ့ ခွဲ၍ ခေါင်းစဉ် ရ ခုအား ဆွေးနွေးစေခဲ့ပါသည်။ အုပ်စုဖွဲ့ဆွေးနွေးနေစဉ်အတွင်း ကျေးရွာ/ ကျေးရွာအုပ်စု အထူးချွန်ဆုံး လုပ်ငန်း အကောင်အထည်ဖော် ဆောက်ရွက်မှုအတွက် (ပ ဒု တ) ဆု ချီးမြှင့်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် ဂျူရီအဖွဲ့မှ အမှတ်ပေး ရွေးချယ် ဆုံးဖြတ်ပေး ခဲ့ပါသည်။

၄င်းအပြင် ထန်းတပင် မြို့နယ် မြို့နယ် ဦးစီးမှူး ဦးမြင့်ထွေးဝင်း မှ ဆုရ ကျေးရွာ/ကျေးရွာအုပ်စုများအတွက် ဆု မကြေငြာ မီ အမှတ်ပေး စည်းမျဉ်းနှင့် ပက်သက်ပြီး ရှင်းလင်း ပြောကြားပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။