လူထု ဗဟိုပြု စီမံကိန်း ဆော မြို့နယ် လုပ်ငန်းခွဲများကို ကွင်းဆင်း စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ခရိုင်၊ ဆော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ အီတလီ ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) ကျေးရွာတွေမှာ စီမံကိန်း လုပ်ငန်းခွဲတွေ ဆောင်ရွက်နေမှုတွေကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Regional Consultant ဦးမောင်ဘို ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်းမှ စီမံကိန်း တာဝန်ခံ ဒေါ်သီရိဇင်မင်း၊ လူထု ဗဟိုပြု စီမံကိန်း မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါ်နီနီလွင်နဲ့ နယ်မြေ အဖွဲ့ ခေါင်းဆောင် ဒေါ်မေဇင်ငြိမ်းတို့က ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးတယ်လို့ သိရပါတယ်။

ကွင်းဆင်း စစ်ဆေးတဲ့ အစီအစဉ်မှာ လေးကျေးရွာ ရေကာတာ တည်ဆောက်တာ၊ ကျီးကျေးရွာ မြေကာ နံရံ တည်ဆောက်တာ အိမ်ခြေ ၁၃၇ အိမ် အကျိုးခံစားခွင့် ရရှိမယ့် အကြည်ပန်းပလွန်းကျေးရွာ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းခွဲ၊ ခူးကျောင်းကျေးရွာ ဘက်စုံသုံးခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း၊ အညာကတင်း ကျေးရွာ စာကြည့်တိုက် ပြုပြင်ခြင်းနဲ့ အညာကတင်း ကျေးရွာ Box Culvert တည်ဆောက်ခြင်းတွေကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လုပ်ငန်းတွေ အပြီးသတ် ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ နည်းပညာပိုင်း ဆိုင်ရာတွေကို ပံ့ပိုး ဆောင်ရွက်ပေးခဲ့တယ် လို့ သိရပါတယ်။

 

သတင်း- ရှု့မောင်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank