လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်း စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်း ဓနုဖြူ မြို့နယ်တွင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင် ခရိုင် ဓနုဖြူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စီမံကိန်း လုပ်ငန်တွေ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ပြီး၊ လူထုစည်းရုံးရေးမှူးနဲ့ လက်ထောက်နည်းပညာမှူးများ စွမ်းဆောင်ရည်မြှင့် မွမ်းမံသင်တန်း အပိုင်း ၃ အခန်းအနားကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့ မနက် ၉ နာရီ အချိန်က ဓနုဖြူမြို့နယ် ပြန်သက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပါတယ်လို့ သိရပါတယ်။

 

ရှေးဦးစွာ ဓနုဖြူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်က အဖွင့် အမှာစကား ပြောကြားပါတယ်။ ဆက်လက်ပြီးတော့ သင်တန်းမှာ ပို့ချသင်ကြားပေးမယ့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကန်း Communication, Social Accountability and Gender (CSAG) Conuterpart ဒေါ်အေးသက်ပိုင်နဲ့ လူထုဗဟိုပြု စီမံကန်း နည်းပညာ အကြံပေးအဖွဲ့ ကျားမရေးရာ တာဝန်ခံ ဦးမင်းမင်းထွန်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် သင်ကြားပို့ချပေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး၊ ရှင်းလင်းပြောကြား ကြပါတယ်။

 

အဲဒီအခမ်းအနားကို ဓနုဖြူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးနဲ့ ဝန်ထမ်းတွေ နည်းပညာ အကြံပေးအဖွဲ့က တာဝန်ရှိသူတွေ၊ လူထု စည်းရုံးရေးမှူး ၅၆ ဦးနဲ့ လက်ထောက်နည်းပညာမှူး ၃၂ ဦးတို့ တက်ရောက်ကြတယ်လို့ သိရပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank