မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် လုထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ ရာနှုန်းပြည့်ပြီးစီး

NCDDP’s Sub-project Activities for Fourth Year Project Cycle Completed in Saw

Magway, 28 October 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်နှင့် အီတလီ ချေးငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စတုတ္ထနှစ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ပါသည်။

ဆောမြို့နယ် လုထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို ၂၀၁၉ စက်တင်ဘာလမှ စတင်၍ ကျေးရွာပေါင်း ၁၁၃ ရွာရှိ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၃၇ ခုဆောင်ရွက် ပြီးစီးခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၁၃၇ ခုကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သန်းပေါင်း ၁၉၃၉ သန်းနဲ့ ကျေးရွာ လူထု ပူးပေါင်း ပါဝင်ငွေ ၂၆၈,၆၈၇,၈၈၇ ကျပ်ဖြင့် မီးကြိုးမီးတိုင် အဆင့်မြင့်တင်ခြင်း လုပ်ငန်းခွဲပေါင်း ၅၆ ခု၊ ပညာရေး အခြေခံ အဆောက်အအုံ ၂၀ ခု၊ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းခွဲပေါင်း ၁၁ ခု၊ လမ်းတံတား ပြုပြင် မွမ်းမံခြင်း လုပ်ငန်းခွဲပေါင်း ၃၁ ခုနှင့် စာကြည့်တိုက် ပြုပြင် မွမ်းမံခြင်း လုပ်ငန်း တစ်ခု ဆောင်ရွက် ပြီးစီးခဲ့ပြီး၊ ကျေးရွာပေါင်း ၁၁၃ ရွာရှိ ကျေးရွာလူထုပေါင်း ၇၃,၄၂၄ ဦး အကျိုးခံစားနေရပြီ ဖြစ်ကြောင်း သိရှိရပါသည်။

သတင်း - တင်အောင်မိုးမြင့်

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://www.facebook.com/108312817273501/videos/1451782388528583