မဘိမ်းမြို့နယ် လဝါကျေးရွာ ကြိုးတံတား တည်ဆောက်ရန် မြေနေရာ တိုင်းတာ

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ လဝါကျေးရွာအုပ်စု လဝါကျေးရွာ ကြိုးတံတား တည်ဆောက်ခြင်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေဖို့အတွက် လုပ်ငန်း မြေနေရာ ပန္နက်ရိုက် တိုင်းတာကို ဇူလိုင်လ ၄ ရက်နေ့က မိုးမိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးခင်ဇော်၊ ဒုတိယ ညွှန်ကြားရေးမှူး နည်းပညာမှ ကွင်းဆင်း ကြီးကြပ် တိုင်းတာပေးခဲ့ရာ မဘိမ်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးတင်ထွန်းဦး၊ နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးအောင် မြတ်ထွဋ်၊ မြို့နယ် အင်ဂျင်နီယာ ဒေါ်ခိုင်မော်မော်လင်းနှင့် နည်းပညာ အကြံပေးတွေ ကျေးရွာ တာဝန်ကျ စည်းရုံးရေးမှူးတွေ ကျေးရွာ စီမံကိန်း အထောက်အကူ ပြု ကော်မတီဝင်တွေက လိုက်ပါပြီး၊ ကြိုးတံတား တည်ဆောက်မည့် မြေနေရာနဲ့ ဆက်လက် ဆောင်ရွက်မယ့် အခြေအနေတွေကို ရှင်းလင်း တင်ပြကြပါတယ်။

ကြိုးတံတားဟာ စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၂၈ ဒဿမ ၄ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ပြီး၊ လိုအပ်တဲ့ ရန်ပုံငွေကို ကျေးရွာ က ထည့်ဝင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ကျေးရွာ လူထု ၁၃၃၂ ဦးကို အကျိုးပြုမှာ ဖြစ်ကြောင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဦး ထံမှ သိရပါတယ်။

သတင်း- ကိုကိုအောင် (မဘိမ်း)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank