ငပုတော မြို့နယ် လူထု ဗဟိုပြု စီမံကိန်း အဆောက်အအုံတွေကို သက်ဆိုင်ရာ ဦးစီးဌာနတွေကို လွှဲပြောင်း ပေးအပ်

NCDDP’s Completed Buildings for Education and Health Care Handed Over to Respective Departments

Ayeyarwaddy, 24 October 2020, SkyNet Media Coverage

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ငပုတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ အဆောက်အအုံတွေကို သက်ဆိုင်ရာ ဦးစီးဌာနတွေကို လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၂ ရက် မနက် ၁၀ နာရီ အချိန်က ငပုတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ရာ ပညာရေးဆိုင်ရာ အဆောက်အအုံ တည်ဆောက်ခြင်းနဲ့ ပြုပြင်ခြင်း လုပ်ငန်း ၄၇ ခု၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အဦး တည်ဆောက်ခြင်း လုပ်ငန်း ၂ ခုတို့ကို ငပုတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်သူမင်းက သက်ဆိုင်ရာ ဦးစီးဌာနတွေကို လွဲပြောင်း ပေးအပ်ခဲ့ရာ တာဝန်ရှိသူ အသီးသီးက လက်ခံ ရယူခဲ့ကြပြီး၊ ငပုတော မြို့နယ် ပညာရေးမှူး ဦးစောဟန်နရီက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါတယ်။

အဲဒီ အခမ်းအနားကို ငပုတော မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ငပုတော မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူးနဲ့ ဝန်ထမ်းတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - စိုးမိုးကျော်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage