ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ စီမံကိန်း မြို့နယ် တစ်ခုဖြစ်သော ကျောက်ကြီး မြို့နယ်၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်

စီမံကိန်း တတိယနှစ် စက်ဝန်း အတွင်း ကျေးရွာ အုပ်စု (၂၈)အုပ်စု ကျေရွာပေါင်း (၁၂၀) ရွာ တွင် လုပ်ငန်းခွဲပေါင်း (၁၂၅) တို့အား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိ သည့် ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ စီမံကိန်း မြို့နယ် တစ်ခုဖြစ်သော ကျောက်ကြီး မြို့နယ်၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ၅.၇.၂၀၁၈ ခုနှစ်တွင် ကျောက်ကြီး မြို့နယ် အောက်မေ့ဖွယ် ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးမြသောင်း နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဝေတို့မှ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။ 

ပဲခူးတိုင်းဒေသကြီး ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးသိန်းမှ တက်ရောက်လာသော ဌာန ဆိုင်ရာများ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ဒေသဆိုင်ရာ အဖွဲ့များ မီဒီယာအဖွဲ့များ နှင့် ကော်မတီဝင်များအား စီမံကိန်း လုပ်ငန်းစဉ် ဦးစီးဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ နှင့် ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်း ရှင်းလင်း ပြောကြားခဲ့ပါသည်။ 

၄င်းအပြင် ကျောက်ကြီး မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးနိုင်လင်းမှ စီမံကိန်း လုပ်ငန်းခွဲများ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်း ပြောကြားပေးခဲ့ပါသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာသူ ကျေးရွာလူထု အား အုပ်စု ရ ဖွဲ့ ခွဲ၍ ခေါင်းစဉ် ရ ခုအား ဆွေးနွေး စေခဲ့ပါသည်။ 

အုပ်စုဖွဲ့ဆွေးနွေးနေစဉ် အတွင်း ကျေးရွာ/ ကျေးရွာ အုပ်စုများမှ တနှစ်တာအတွက် စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော် ဆောက်ရွက်မှု အကောင်းဆုံး (ပ ဒု တ) ဆု ချီးမြှင့် ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် ဂျူရီအဖွဲ့မှ အမှတ်ပေး ရွေးချယ် ဆုံးဖြတ်ပေးခဲ့ပါသည်။

ထို့နောက်တွင် အုပ်စုဖွဲ့ဆွေးနွေးမှု ရလဒ်များ အား ကျား/မ အလှည့်ကျဖြင့် အဖွဲ့ကိုယ်စားလှယ် ၁ ဦးချင်းစီမှ ရှင်းလင်း တင်ပြပေး ခဲ့ပါသည်။ 

၄င်းအပြင် ကျောက်ကြီးမြို့နယ် ကျေးလက်ဦးစီးဌာန စီမံကိန်း အဖွဲ့ခေါင်းဆောင် ဒေါ်တင်နီလာဝင်း မှ ဆုရ ကျေးရွာ ကျေးရွာအုပ်စု စာရင်းများ မကြေငြာမီ အမှတ်ပေး စည်းမျဉ်းနှင့် ပက်သက်ပြီး ရှင်းလင်း ပြောကြားပေးခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦမင်းလွင် မှ နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ပါသည်။