အညာပန်းပလွန်းကျေးရွာ ရေပေးဝေရေးလုပ်ငန်းအတွက် ကွင်းဆင်းကြည့်ရှု့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်၀န်း အညာပန်းပလွန်းကျေးရွာအုပ်စု

အညာပန်းပလွန်း ကျေးရွာမှာ ဆောင်ရွက်မယ့် အိမ်တိုင်ရာရောက် ရေပေးဝေရေးလုပ်ငန်း စတင် ဆောင်ရွက်နိုင်ဖို့ လူထုဗဟိုပြုစီမံကိန်း

မကွေးတိုင်းဒေသကြီး တိုင်းအကြံပေး ဦးမောင်ဘို၊ မကွေးတိုင်းဒေသကြီး အခြေခံ အဆောက်အဦးပိုင်းဆိုင်ရာ နည်းပညာ အကြံပေး

အင်ဂျင်နီယာ ဒေါ်မြင့်မြင့်ဟန်နှင့် တာဝန်ခံ လက်ထောက် နည်းပညာမှုးတို့က ဇန်နဝါရီလ ၁၉ ရက်နေ့မှာ ကွင်းဆင်းတိုင်းတာပြီး၊

ကျေးရွာ ကော်မတီဝင်တွေနဲ့ လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။ ရေ အရင်းအမြစ်မှာ ရှိတဲ့ ရေထွက်နှုန်းပမာဏနဲ့

ခြောက်သွေ့ရာသီတွေမှာ သောက်သုံးရေ ရရှိနှိုင်မှု အခြေအနေတွေကို စစ်ဆေးခြင်း၊ ရေးပေးဝေရေး လုပ်ငန်းမှာ အဆင်ပြေ ချော့မွေ့စေဖို့

လက်ရှိ အသုံးပြုနေတဲ့ အင်ဂျင်နဲ့ ပန့်တွေ အခြေအနေကို စစ်ဆေးပြီး၊ ကျေးရွာ ကော်မတီဝင်တွေ ရပ်မိရပ်ဖတွေနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ

လုပ်ဆောင်ရမယ့် အပိုင်းအခန်းကဏ္ဍတွေကို ဆွေးနွေးညှိနှိုင်းခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank