၊နိုင််ငံတကာလူထုဗဟိုပြုစီမံကိန်း ကျွမ်းကျင်ပညာရှင်၊ အမျိုးသားအဆင့် နည်းပညာအကြံပေးနှင့် ပြည်ထောင်စုအဆင့် လက်ထောက်နည်းပညာမှူးများ ဖိုရမ်းကျင်းပ

၂၃ရက် သြဂုတ်လ ၂၀၁၇ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ေဒသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ၊နိုင််ငံတကာလူထုဗဟိုပြုစီမံကိန်း ကျွမ်းကျင်ပညာရှင်၊ အမျိုးသားအဆင့် နည်းပညာအကြံပေးနှင့် ပြည်ထောင်စုအဆင့် လက်ထောက်နည်းပညာမှူးများ ဖိုရမ်း အား (၂၃-၈-၂၀၁၇) ရက်နေ့ နံနက်(၀၉းဝ၀) နာရီအချိန် ပျဉ်းမနားမြို့နယ် မြောက်လွတ်ကုန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ ဖိုရမ်သည် ပြည်ထောင်စုနှင့် မြို့နယ်အဆင့် နည်းပညာအကြံပေးများမှ ယခုနှစ်စီမံကိန်းစက်ဝန်းအတွင်း တွေ့ကြုံခဲ့ရသော အခက်အခဲများ၊ လမ်းညွှန်ချက်မရှင်းလင်းမှုများနှင့် ရရှိခဲ့သော သင်ခန်းစာများကို လာမည့်နှစ်လုပ်ငန်း ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့မှုရှိစေရန်နှင့် လုပ်ငန်းလက်စွဲ စာအုပ်များတွင် ထည့်သွင်းနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးရန်နှင့် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးသို့ အချက်အလက်များတင်ပြနိုင်ရန် သုံးသပ်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။