ကျေးရွာဘက်စုံသုံးခန်းမဖွင့်လှစ်ခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ ထန်းတပင်အုပ်စု၊ သံပုချောင်ကျေးရွာတွင် သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်)စက်ဝန်းစီမံကိန်းရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံသုံး ခန်းမဆောင်ဖွင့်ပွဲကို(၃၁.၅.၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က အဆိုပါခန်းမဆောင် ၌ကျင်းပခဲ့ကြောင်း သိရှိရသည်။ ရှေးဦးစွာသာပေါင်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ် ဦးစီးမှူးဦးသက်မင်းထွန်း၊ မြို့နယ်နည်းပညာအကြံပေးခေါင်းဆောင် ဦးဟန်မင်းစိုးတို့က အဖွင့် အမှာစကားပြောကြား၍ တက်ရောက်ခဲ့ပါသည်။

ဆက်လက်၍ ကျေးရွာလူထုဗဟိုပြုစီမံကိန်းစီမံခန့်ခွဲရေးနှင့်အထောက်အကူပြု ကော်မတီ များမှ ကျေးရွာခန်းမဆောင်တည်ဆောက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြ၍ ၄င်း ခန်းမဆောင်သည် ကျေးရွာအတွင်းအစည်းအဝေးပြုလုပ်ခြင်း၊ မိုးတွင်းကာလရေးကြီးသည့် အချိန်တွင်လူအများမှီခိုနေထိုင်သည့်အကာအကွယ်တစ်ခုဖြစ်ခြင်းစသည့်ရပ်ရွာအကျိုးမျှော်မှန်း၍တည်ဆောက်ခဲ့ကြောင်း ပြောကြားပါသည်။

သာပေါင်းမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်ဦးစီးမှူး ဦးသက်မင်းထွန်းမှ အဖွင့် အမှာစကားပြောကြား၍ မြို့နယ်နည်းပညာအကြံပေးခေါင်းဆောင် ဦးဟန်မင်းစိုး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးဦးခင်ဆွေနှင့် ကျေးရွာစီမံကိန်းငွေစာရင်းကိုင် ဒေါ်ဇာဇာတို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ပါသည်။

အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမ အလျား ၃၀ပေ၊ အနံ ၂၀ပေ၊ အမြင့် ၁၂ပေ တည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေကျပ်(၈၈)သိန်းဖြင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှ  အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ/သားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။