သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲ ကျင်းပပြုလုပ်ခြင်း

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ၃၁.၈.၂၀၁၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း)၊ ပမ္မတီးကျေးရွာအုပ်စု၊ နမ်ရှယ်ရှီးဒီကျေးရွာ ဘုရားကျောင်းတွင် သတင်းပြန်ကြားဆက်သွယ်ရေးနှင့် မှတ်တမ်းဓါတ်ပုံပြပွဲ ကျင်းပပြုလုပ်ခဲ့ရာ

၁။ လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ မူဝါဒလုပ်ဆောင်ချက်များနှင့် သတင်းအချက်အလက်များ၊ ဗဟုသုတများနှင့် မှတ်တမ်းဓါတ်ပုံများကို ကျေးရွာသူ/သားများနှင့် ဓမ္မဆရာများ လေ့လာသိရှိခွင့်ရရှိပြီး လူထုဗဟိုပြုစီမံကိန်းအကြောင်းကို နားလည်သဘောပေါက်သိရှိလာစေရန်၊

၂။ ကျေးရွာလူထုမှ စီမံကိန်းအကြောင်းပိုမိုသိရှိပြီး ကျေးရွာကော်မတီဝင်များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စေရန်၊

၃။ ကော်မတီဝင်အသစ်များအနေဖြင့် စီမံကိန်းအကြောင်းအား သိရှိနားလည်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး

ပမ္မတီးကျေးရွာအုပ်စု ကျေးရွာ(၅)ရွာမှ စီမံကိန်းကော်မတီအဖွဲ့များ၊ ကျေးရွာလူထုများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဓမ္မဆရာများ၊ ရပ်မိရပ်ဖများ၊ စုစုပေါင်းလူဦးရေ ၁၈၀ ဦး တက်ရောက်ခဲ့ပါသည်။ ပြပွဲတွင် စီမံကိန်းမှ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းသတင်းအချက်အလက်များစသည့် သက်ဆိုင်ရာအလိုက် မေးခွန်းများမေးမြန်ခြင်းနှင့် အမှတ်တရ စီမံကိန်းတံဆိပ်ပါတီရှပ်အင်္ကျီများ၊ ဦးထုပ်များ၊ လက်ကမ်းစာစောင်များ၊ လက်စွဲစာစောင်များအား ပေးအပ်ခဲ့ပါသည်။