ဘဏ္ဍာရေး စီမံခန့်ခွဲမှု မွမ်းမံသင်တန်းဖွင့်လှစ်

 

ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက် လျှက်သော မန္တလေးတိုင်းဒေသကြီး၊ရမည်းသင်းခရိုင်၊ပျော်ဘွယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ စီမံကိန်း (တတိယနှစ်စက်ဝန်း)အတွက် ဘဏ္ဍာရေး စီမံခန့်ခွဲမှု မွမ်းမံသင်တန်းကို ဒီဇင်​ဘာလ ၂၆ရက် ပျော်ဘွယ်မြို့နယ်၌ ဖွင်​့လှစ်​ခဲ့​ကြောင်း သိရသည်။

သင်တန်းနည်းပြများအဖြစ် မြို့နယ်အဆင့် ဘဏ္ဍာရေးတာဝန်ယူဆောင်ရွက်လျှက်ရှိသော မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဘဏ္ဍာရေး တာဝန်ခံများ မှ သင်တန်း သို့ တက်ရောက်မည့် လူထုစည်းရုံးရေးမှူး နှင့် လက်ထောက်နည်းပညာမှူး စုစုပေါင်း(၆၅)ဦးတို့အား ဆွေးနွေး ပို့ချသွားမှာဖြစ်သည်။

အဆိုပါ သင်တန်းပြီးဆုံးသည့်အခါတွင် လူထုဗဟိုပြုစီမံကိန်း၏ ရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိသော ကျေးရွာများမှ သက်ဆိုင်ရာကဏ္ဍအလိုက်ရှိ အဖွဲ့အစည်းများအား စာရင်းစစ်ခံနိုင်ရန် လိုအပ်သည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အတိုင်း ကျေးရွာအဆင့်/အုပ်စုအဆင့်ရှိ ငွေစာရင်းကိုင်များမှ စနစ်တကျ ရေးသွင်းလာနိုင်စေရန်၊ စီမံကိန်းလုပ်ငန်းခွဲ၏ သုံးစွဲထားရှိသည့် ကုန်ကျစာရင်းများကို ကျေးရွာလူထုအား ပွင့်လင်းမြင်သာစွာဖြင့် စနစ်တကျ ရှင်းလင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။