ပိုင်ကျုံမြို့ တနင်းသရော ကျေးရွာ၌ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်၀န်း) တွင် ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများ စတင် အကောင် အထည်ဖော် ဆောင်ရွက်

NCDDP’s Village Concrete Street Construction in Tha Nin Tha Yaw Village of Hlaingbwe Kicked Off

Kayin, 29 December 2020, Ministry of Information

ပိုင်ကျုံ ဒီဇင်ဘာ ၂၉

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မဲပရ ကျေးရွာအုပ်စု၊ တနင်းသရော ကျေးရွာ၌ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ကမ္ဘာ့ဘဏ် အကူအညီဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ​တနင်းသရော ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းတွင် လူထု ဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ကျပ် (၃၂၀) သိန်းဖြင့် အရှည် ၂၀၀၀ပေ × အကျယ် ၁၅ပေ x ထုထည် ၆လက်မ ရှိပြီး လူထုဗဟိုပြု စီမံကိန်းမှ တာ၀န်ရှိ သူများ၏ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီး ဌာနနှင့် မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် စတင် အ​ကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး (၁၀၀) ရာခိုင်နှုန်း ပြီးစီးပါက ​​တနင်းသရော ကျေးရွာမှ အိမ်​ထောင်စု (၉၉)စု၊ လူဦး​ရေ (၅၈၆)ဦးတို့ ကျန်းမာ​ရေး၊ ပညာ​ရေး၊ စီးပွား​ရေး၊ လူမှုရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ အဆင်​ပြေလာမည် ဖြစ်​ကြောင်း သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/26299