လှိုင်းဘွဲမြို့နယ် တဝန်ဖန်ရ ကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း စတင် အကောင်အထည်ဖော်ဆောင်ရွက်

လှိုင်းဘွဲ စက်တင်ဘာ ၁၈

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် တဝန်ဖန်ရ​ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရွာတွင်း ကွန်ကရစ်လမ်းသည် လူထုဗဟိုပြု စီမံကိန်းမှ​ ထောက်ပံ့​ငွေ (၁၁၇၀၀၀၀၀)ကျပ်ဖြင့် အရှည် ၆၈၀​ပေ x အကျယ် ၁၂ပေ x အထူ ၆လက်မ တို့ဖြင့် လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံ​ပေး အဖွဲ့တို့၏ လမ်းညွန်မှု၊ လက်​ထောက်နည်းပညာမှူး​ဒေါ်ဝင့်ဝတ်ရည်ခြူး၊ လူထုစည်းရုံး​ရေးမှူး နန်းမြတ်သူဇာတို့၏အနီးကပ် ကြီးကြပ်မှူနှင့် ကျေးရွာသူ/​ကျေးရွာသား တို့၏ ပူး​ပေါင်းပါဝင်မှုတို့ဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခြင်းဖြစ်​ကြောင်းသိရ သည်။

စီမံန်းလုပ်ငန်း ပြီး​မြောက်ပါက တဝန်ဖန်ရ​ကျေးရွာမှ အိမ်​ထောင်စု (၃၂၄)စုမှ လူဦးရေ (၂၁၀၉) ဦးအတွက် လမ်းပမ်း ဆက်သွယ်​ရေး အဆင်ပြေ​ချောမွေ့ လာမည်ဖြစ်ပြီး စီမံကိန်း လုပ်ငန်းအား ရက်ပေါင်း (၃၀)ရက် အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

Credit – Ministry of Information

#NCDDP, #DRD, #MOALI, #WorldBank

https://www.moi.gov.mm/iprd/news/11561

http://www.mdn.gov.mm/my/liungbhaimiuny-ttwnphnrkeraattng-raattngknkrclm-cttng-akeaangathnnypheaacheaangrk