မဘိမ်း မြို့နယ် စီမံကိန်း လုပ်ငန်းခွဲတွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်း ဆွေးနွေး

ရှမ်းပြည်နယ် မြောက်ပိုင်း မဘိမ်း မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲတွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး လုပ်ငန်း ညှိနှိုင်း ဆွေးနွေးပွဲကို မေလ ၈ ရက်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

 

ဒီစီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေတာပါ။

 

ဆွေးနွေးပွဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်၊ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနက ဝန်ထမ်းတွေ လူထုဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေက ကျေးရွာလူထုက ရွေးချယ်ထားတဲ့ လုပ်ငန်းတွေ၊ ဌာနဆိုင်ရာတွေက ဆောင်ရွက်မယ့် လုပ်ငန်းတွေ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။

 

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,

သတင်း - ကိုကိုအောင် (မဘိမ်း)