ကျေးရွာ စွန့်ပစ်အမှိုက်များကို စနစ်တစ်ကျ စီမံခန့်ခွဲရေး လှုပ်ရှားမှုများ ဆောမြို့နယ်တွင် ပြုလုပ်

မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ဆောမြို့နယ် လောင်းရှည်ကျေးရွာအုပ်စု လောင်းရှည်ကျေးရွာနဲ့ မြို့သစ် ကျေးရွာမှာ လူထုဗဟိုပြု စီမံကိန်းမှ ကော်မတီဝင်များနဲ့ ကျေးရွာလူထုများပူးပေါင်းပြီးတော့ ကျေးရွာ စွန့်ပစ်အမှိုက်များကို စနစ်တစ်ကျ စီမံ ခန့်ခွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မတ်လ ၈ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ် အချိန်မှာ စုပေါင်း အမှိုက်ကောက်ကြပါတယ်။

စုပေါင်း အမှိုက်ကောက်ကြရာမှာ ကျေးရွာထဲမှာ ရှိတဲ့ လမ်းဆုံများမှာ အမှိုက်ပုံးများ ထားရှိမှု၊ အမှိုက် ကင်းစင်ရေး ဗီနိုင်းများ စိုက်ထူ ထားရှိမှုများကို စစ်ဆေးပြင်ဆင် စိုက်ထူခဲ့ကြပြီး၊ အပတ်စဉ်အလိုက် အမှိုက်ကင်းစင်ရေး ဆောင်ရွက်မယ့် အစီအစဉ်များကိုလည်း ရေးဆွဲခဲ့ကြကာ ၁၀ အိမ်စုများအလိုက် ၁၅ ရက်မှာ တစ်ကြိမ် အမှိုက်ကောက်သွားကြမှာ ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုးလွင်မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ စုပေါင်း အမှိုက် ကောက်ပွဲမှာ လူထုဗဟိုပြု စီမံကိန်းမှ ကော်မတီဝင်များ၊ ရပ်မိရပ်ဖ အုပ်ချုပ်ရေးမှူးများနဲ့ ကျေးရွာလူထုများ စုစုပေါင်း ၁၉၀ ဦး ခန့် ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။

သတင်း- တင်အောင်မိုးမြင့်