ပေါက်မြို့နယ် သစ်ညီနောင်ကျေးရွာ ကျေးလက်အင်ဂျင် မီးလင်းရေး လုပ်ငန်း ဖွင့်ပွဲနှင့် လူထု စစ်တမ်း ကောက်ယူ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့ ထည့်ဝင်ငွေတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့တဲ့ ကျေးလက် အင်ဂျင် မီးလင်းရေး လုပ်ငန်း ဖွင့်ပွဲနဲ့ လူထု စစ်တမ်း ကောက်ယူပွဲကို ပေါက်မြို့နယ် တောင်မြင့် ကျေးရွာ အုပ်စု၊ သစ်ညီနောင် ကျေးရွာ ၊ အခြေခံ ပညာ အလယ်တန်း ကျောင်းရှေ့မှာ ဩဂုတ်(၁၉) ရက်နေ့ မနက် ပိုင်းက ကျင်းပရာမှာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ် အေးအေးသန့် ၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးသိန်းဇော် ၊ နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

 

အဲဒီနောက် ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ကပ်တာ လော်စပီကာနဲ့ ကြေညာတာ လုပ်ငန်းစဉ်နဲ့ ရလာဒ်တွေ အပေါ်မှာ ကျေးရွာလူထုရဲ့ စိတ်ကျေနပ်မှု အပေါ် မဲပေးနိုင်ဖို့ အိမ်တိုင်ရာရောက် စာရွက်တွေ ဝေပြီး၊ ကောက်ယူခြင်း လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သစ်ညီနောင်ကျေးရွာမှာ တာဝန်ကျ စီမံကိန်း ဝန်ထမ်းတွေနဲ့ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေက ဦးဆောင်ပြီး၊ ဦးသိန်းဇော်၊ ဦးမျိုးဝင်းထွန်း၊ စောင့် ကြည့် ကြီးကြပ်ရေး တာဝန်ခံ ဦးသက်လှိုင်စိုး၊ ဝယ်ယူရေး တာဝန်ခံ ဦးတင်ထူးအောင်နှင့် တာဝန်ကျ ဝန်ထမ်းတွေက လိုက်ပါ ကြီးကြပ် ပေးခဲ့ပါတယ်။

 

လူထု စစ်ဆေးပွဲ ရလာဒ်တွေကို ကျေးရွာ ကြော်ငြာ သင်ပုန်းမှာ ပွင့်လင်း မြင်သာစွာ ကြေညာပေးခဲ့တယ်လို့ လူထု စည်းရုံးရေးမှူး ဦးဝင်းနိုင်က ပြောကြားပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)၊ မျိုးဝင်းထွန်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage