လူထု ဗဟိုပြု စီမံကိန်းမှ အုတ်ဖို မြို့နယ်တွင် ကျေးရွာ အုပ်စု အဆင့် စီမံကိန်း မိတ်ဆက် ရှင်းလင်းပွဲ ပြုလုပ်

NCDDP’s Village Tract Level Socialization Meeting Organzied in Okpho

Bago, 23 December 2020, SkyNet Media Coverage

 

ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း National Community Driven Development Project (NCDDP) ကို ပဲခူးတိုင်း ဒေသကြီး အုတ်ဖို မြို့နယ်မှာ အကောင်အထည်ဖော် ဆောင်ရွက်မှာ ဖြစ်ရာ ကျေးရွာ အုပ်စု အဆင့် စီမံကိန်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ညောင်ပင် ကြီးစု ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ရဲ့ လမ်းညွှန်ချက်များနှင့် အညီ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ရှေးဦးစွာ အုတ်ဖို မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းက အဖွင့် အမှာ စကား ပြောကြားခြင်း၊ တိုင်း စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ချောစုစံမှ စီမံကိန်း အကြောင်း မိတ်ဆက် ရှင်းလင်း ပြီးနောက် စီမံကိန်း လုပ်ငန်းစဉ် အဆင့်များနဲ့ စီမံကိန်းမှာ ပါဝင်တဲ့ အစိတ်အပိုင်းများ အကြောင်းကို PowerPoint ဖြင့် မိတ်ဆက် ရှင်းလင်း ပြသ ခဲ့ပါတယ်။

အဲဒီနောက် တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းရာ စီမံကိန်း တာဝန်ရှိသူတို့က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

အခမ်းအနားကို အုတ်ဖို မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးစောသူရအောင်၊ တိုင်းဒေသကြီး လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ချောစုစံ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးသန်းလွင်၊ အုတ်ဖိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးနဲ့ တာဝန်ရှိ လူကြီးမင်းများ၊ ဖိတ်ကြားထားတဲ့ ကျေးရွာအုပ်စု ကျေးရွာများမှ ကိုယ်စားလှယ်များမှ တက်ရောက်ကြပါတယ်။

 

သတင်း - ကျေးလက်မောင်

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage