ကျွန်းလှ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ စုစုပေါင်း ၁၀၇ ခု ကျေးရွာ ၉၉ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူ ခရိုင် ကျွန်းလှ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီ (TPIC) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၆ ရက်နေ့ မနက် ၁၀ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမမှာ ကျင်းပ ခဲ့ပါတယ်။

 

ရှေးဦးစွာ ကျွန်းလှ မြို့နယ် ပြည်သူ့လွှတ်တော် ဦးထွန်းဝင်းက အဖွင့် အမှာ စကား ပြော ကြားပြီး၊ ကျွန်းလှ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းမောင်က ကျေးရွာတွေကနေ ဦးစားပေး ရွေးချယ်ထားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို မြို့နယ်မှာ ရှိတဲ့ သက်ဆိုင်ရာ ဌာနတွေက အခု ဘဏ္ဍာနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရှိမရှိ စီစစ် သုံးသပ်ပြီးတော့ အတည်ပြု ရွေးချယ်ပေးကြဖို့ ရှင်းလင်း ပြောကြား ခဲ့ပါတယ်။

 

ကျွန်းလှ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ လမ်းတံတား၊ ရေပေးရေး၊ မီးလင်းရေး၊ စာသင် ကျောင်းဆောင်နဲ့ ကျေးရွာ ခန်းမဆောင် ဆောက်လုပ်ခြင်း စတဲ့ လုပ်ငန်းခွဲ စုစုပေါင်း ၁၀၇ ခု ကျေးရွာ ၉၉ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank