လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှ သန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ ပညာရေးဆိုင်ရာ လုပ်ငန်း ၅၆ ခု လွှဲပြောင်းပေးအပ်

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ကယားပြည်နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွင် အကောင်အထည်ဖော်

ဆောင်ရွက်ခဲ့တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ စီမံကိန်း လုပ်ငန်းတွေကို ပြည်နယ်အဆင့် ဌာနဆိုင်ရာတွေကို လွဲပြောင်းပေးအပ်ခဲ့ပါတယ်၊

ဇန်နဝါရီလ ၂၈ ရက် မနက်က ကယားပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

အခု လွှဲပြောင်းပေးအပ်မှုမှာ သန်း ၅၀၀ ကျော် တန်ဖိုးရှိတဲ့ ပညာရေးဆိုင်ရာ လုပ်ငန်း ၅၆ ခု ပါဝင်ပါတယ်။ ကယားပြည်နယ် ကျေးလက်ဒေသ

ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေနဲ့ ၂၀၁၅-၂၀၁၆ ပထမနှစ် စက်ဝန်းမှာ ကျပ်သန်း ၁၉၀ ကျော် တန်ဖိုးရှိတဲ့ ပညာရေးဆိုင်ရာ လုပ်ငန်း ၄၇ ခု၊

ကျပ် ၃ ဒဿမ ၅ သန်း တန်ဖိုးရှိတဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတစ်ခု၊ ၂၀၁၆-၂၀၁၇ ခုနှစ် ဒုတိယနှစ် စက်ဝန်းမှာ ကျပ်သန်း ၅၇၀ ကျော်တန်ဖိုးရှိတဲ့

ပညာရေး ဆိုင်ရာ လုပ်ငန်း ၈၂ ခု၊ ကျပ် ၇ သန်း တန်ဖိုးရှိတဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတစ်ခု၊ ၂၀၁၇-၂၀၁၈ ခုနှစ် တတိယနှစ် စက်ဝန်းမှာ

ကျပ် ၃၉၀ ကျော် တန်ဖိုးရှိတဲ့ ပညာရေးဆိုင်ရာ လုပ်ငန်း ၃၇ ခု၊ ကျပ် ၃ ဒဿမ ၅၂ သန်း တန်ဖိုးရှိတဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတစ်ခု

စတာတွေကိုလည်း လွဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - စိုင်းစိုင်း (လွိုင်ကော်)

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank