မောက်မယ်မြို့နယ် မိုက်ဟိုင်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်းတွင် ဆောင်ရွက်ပြီးစီးသော လုပ်ငန်းခွဲအား လူထုစစ်ဆေးပွဲ ကျင်းပပြုလုပ်

မောက်မယ် သြဂုတ် ၂၇

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ် စက်ဝန်းတွင် ကဒူးကြီးကျေးရွာအုပ်စု၊ မိုက်ဟိုင်းကျေးရွာ၌ ဆောင်ရွက်ပြီးစီးသော လုပ်ငန်းခွဲများ အား လူထုစစ်ဆေးပွဲကို ယနေ့နံနက် ၁၀ နာရီ က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူထုစစ်ဆေးပွဲ ဆောင်ရွက်ရာတွင် လူထု၏လုပ်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်မှုကို မြှင့်တင် ပေးရန်၊ ပွင့်လင်းမြင်သာမှု၊ ထိရောက်မှုနှင့် သက်ရောက်မှုတို့ကို တိုးမြှင့်ပေးရန်၊ ကျေးရွာစီမံခန့်ခွဲမှု အဖွဲ့များအနေနှင့် ကျေးရွာလူထုအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု သေချာစေရန်နှင့် ကျေးရွာ လူထုများမှ မိမိတို့၏ထင်မြင်ယူဆချက်များကို ပိုမိုထုတ်ဖော် ပြောဆိုတတ်လာပြီး ဝေဖန်အကြံပြု ချက်များကို လိုအပ်လျှင်ဖြေရှင်းရန် ရည်ရွယ်ချက်များဖြင့် ကျင်းပြုလုပ်ရခြင်းဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ တာဝန်ကျဝန်ထမ်းများမှ ဆောင်ရွက်ပြီးစီး ခဲ့သော လုပ်ငန်းများအတွက် ကျေးရွာလူထုများမှ ကျေနပ်မှုမည်မျှ ရှိ/မရှိကို ရယူရန်အတွက် စစ်တမ်းစာရွက်များအား ဖြန့်ဝေပေးခြင်း၊ ပြန်လည်ကောက်ယူခြင်း၊ ရရှိလာသောလုပ်ငန်းစဉ်နှင့် ရလဒ်ထွက်ရှိချက်များအား ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် အစည်းအဝေးပွဲတွင်ချပြခြင်း ကြော်ငြာဆိုင်းပုဒ်များတွင် ကပ်ထားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

လူထုဗဟိုပြုစီမံကိန်း (ဒုတိယ)နှစ်စက်ဝန်းတွင် ကဒူးကြီးကျေးရွာအုပ်စု၊ မိုက်ဟိုင်းကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရံပုံငွေ (၁၁၉) သိန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ (၅၃)သိန်း စုစုပေါင်း (၁၁၇)သိန်းဖြင့် မီးလင်းရေး(ရေအားလျှပ်စစ်) လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပြီး အိမ်ခြေ (၁၂၀)အိမ် အိမ်ထောင်စု (၁၂၃)စု နှင့် ကျေးရွာလူထု (၆၁၉) ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

https://www.moi.gov.mm/iprd/node/7134?fbclid=IwAR3DrAHbABuehmF2ziyr_hWha_YjvIDDo0XFwlIfV2noD7YcAjxffIQ8uXI