အင်ဂျင်မီးလင်းရေး ဖွင့်ပွဲနဲ့ လူထု စစ်ဆေးပွဲ ပေါက်မြို့နယ် အင်းတောတောင်စုကျေးရွာတွင် ပြုလုပ်

မကွေးတိုင်းဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် အင်းတော အုပ်စု အုန်းတော တောင်စု ကျေးရွာမှာ အင်ဂျင်မီးလင်းရေး ဖွင့်ပွဲနဲ့ လူထု စစ်ဆေးပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၉ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် ကျေးလက် ဦးစီးမှူး ဒေါ်အေးအေးသန့်၊ မြို့နယ် ပြန်ဆက် ဦးစီးမှူး ဒေါ်ဥမ္မာကျော်နဲ့ လူထုဗဟိုပြု အဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ကျောင်းသား၊ ကျောင်းသူလေးတွေက အကနဲ့ ပါဝင်ကပြဖွင့်လှစ်ပေးခဲ့ပြီး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အဖွင့်အမှာစကားပြောကြားကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်အေးအေးသန့်က ကျေးရွာသူ ကျေးရွာသားတွေနဲ့ လူထု စည်းရုံးရေးမှူး ဝန်ထမ်းတွေကို အင်ဂျင်မီးလင်းရေး လုပ်ငန်းတွေကို ပြီးစီး အောင် လုပ်ကိုင်ပေးတဲ့ အတွက် ဝမ်းသာပါကြောင်း ပြောကြားပေးခဲ့ပါတယ်။

ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဥမ္မာကျော်က ကျောင်းသား ကျောင်းသူတွေ အနေနဲ့ အခုလို အင်ဂျင်မီး ရရှိတဲ့ အတွက် စာများများ ဖတ်ကြဖို့ မိတ်ဆက်အမှာစကားပြောကြားခဲ့ပြီး၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးသိန်းဇော်က စီမံကိန်း လုပ်ငန်း လည်ပတ် ထိန်းသိမ်းရေး အစီအစဉ်တွေ ဆက်လက်အကောင်အထည်ဖော်ကြဖို့ ပြောကြားခဲ့ပါတယ်။

အဲဒီ အင်ဂျင် မီးလင်းရေး လုပ်ငန်းကို စီမံကိန်း ထောက်ပံ့ငွေ ၈၅ သိန်းကျော် ကျေးရွာပြည်သူတွေရဲ့ လုပ်အားနဲ့ စီမံကိန်း ဝန်ထမ်းတွေ အနီးကပ် ကြီးကြပ်မှုနဲ့ ပြီးစီးအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank