မိုင်းခတ်မြို့နယ် နောင်ဝိုင် ကျေးရွာ ခန်းမဆောင် တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီး

NCDDP’s Village Hall Construction in Nawng Wine Village of Mongkhet Completed

Shan, 21 December 2020, SkyNet Media Coverage

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းခတ်မြို့နယ် ဝမ်ခုတ်အုပ်စု၊ နောင်ဝိုင် ကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း က ပံ့ပိုးမှုနဲ့ လူထု ကိုယ်တိုင် အကောင်အထည်ဖော်ခဲ့တဲ့ ကျေးရွာ ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ဖွင့်လှစ် ခဲ့ပါတယ်။

အဲဒီ ဖွင့်ပွဲကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်ကျော်၊ စီမံကိန်း တာဝန်ခံ ဦးသက်နောင်ထွေး၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးမျိုးသန့် တို့နဲ့ DRD, CDD ဝန်ထမ်းတွေ၊ အာခါ လူမျိုးတွေ ဖြစ်တဲ့ ကျေးရွာသူ ကျေးရွာသားတွေ တက်ရောက်ခဲ့ကြပါတယ်။

ကျေးရွာ ခန်းမဆောင်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးရန်ကျော်နဲ့ ကျေးရွာ ကော်မတီဝင်တွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

ခန်းမဆောင်ကိုတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ ကနေ စတင် တည်ဆောက်ခဲ့ပြီး၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပြီးစီးတာ ဖြစ်ပါတယ်။

 

သတင်း - ခင်မာဌေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage