ပုလော မြို့နယ်တွင် လူထု ဗဟိုပြု စီမံကိန်း တိုးချဲ့ ဆောင်ရွက်ရန် စီမံကိန်း မိတ်ဆက် ဆွေးနွေးပွဲ ကျင်းပ

NCDDP’s Virtual Socialization Meeting Organized for Project Implementation in Palaw

Tanintharyi, 24 November 2020, SkyNet Media Coverage

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ လူထု ဗဟိုပြု စီမံကိန်း တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် တင်္နသာရီတိုင်း ဒေသကြီး ပုလောမြို့နယ် စီမံကိန်း မိတ်ဆက် အခမ်းအနားကိုတော့ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က Virtual Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရှေးဦးစွာ တနင်္သာရီတိုင်း အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်စန်း က အဖွင့် အမှာစကား ပြောကြားပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်နဲ့ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ်တို့က အမှာစကား ပြောကြားကြပါတယ်။

ဆက်လက်ပြီးတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ ညွှန်ကြားရေးမှူး ဦးလှခိုင်က လူထု ဗဟိုပြု စီမံကိန်း အကြောင်း မိတ်ဆတ်ရှင်းလင်း‌ ပြောကြားပါတယ်။

အဲဒီနောက် အခမ်းအနားကို တက်ရောကလာသူများက စီမံကိန်းနဲ့ ပတ်သတ်ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ပြီးတော့ တနင်္သာရီတိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးတင်နုက နိုဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါတယ်။

 

သတင်း - သန်းလွင် (မကွေး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage