ခန္တီးမြို့နယ် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲ အွန်လိုင်းမှပြုလုပ်

NCDDP’s Virtual Socialization Meeting Organized for Project Implementation in Hkamti

Sagaing, 23 November 2020, Ministry of Information

ခန္တီး နိုဝင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် လူထုဗဟိုပြုစီမံကိန်း မိတ်ဆက်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်း ဒေသကြီး စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း နှင့် ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် ဒေါ်သိင်္ဂီမင်းတို့က မိတ်ဆက ်စကား ပြောကြားသည်။ ယင်း နောက် စီမံကိန်း မန်နေဂျာ ဦးလှခိုင်က စီမံကိန်း အကြောင်းကို ဗွီဒီယိုဖြင့် ရှင်းလင်းခဲ့သည်။

ထို့နောက် လူထုဗဟိုပြု စီမံကိန်း မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲ ကို တက်ရောက်လာ သူများက စီမံကိန်းနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြန်လည် ဖြေကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ NGO၊ INGO၊ နိုင်ငံရေး ပါတီများ၊ မီဒီယာများ၊ လူမှုရေးအဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြောင်း သိရသည်။

 

စနေမောင်မောင်(ခန္တီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage

https://www.moi.gov.mm/iprd/news/22075