မြန်အောင်မြို့နယ်တွင် တိုးချဲ့ အကောင်အထည်ဖော်မည့် လူထု ဗဟိုပြု စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

NCDDP’s Virtual Socialization Meeting Organzied for Project Implementation in Munaung

Rakhine, 27 November 2020, SkyNet Media Coverage

လူထု ဗဟိုပြု စီမံကိန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ စတင် တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရခိုင် ပြည်နယ် မြန်အောင်မြို့နယ် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ နာရီ ခွဲ အချိန်က Video Conferencing စနစ်နဲ့ ပြုလုပ်ခဲ့ပါတယ်။

ရှေးဦးစွာ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်လွင်က အဖွင့်အမှာ စကားပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနဲ့ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် တို့က အမှာ စကားတွေ ပြောကြားကြပါတယ်။

ဆက်လက်ပြီး‌တော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ ညွန်ကြားရေးမှူး ဦးလှခိုင်က လူထု ဗဟိုပြု စီမံကိန်း အကြောင်းကို မိတ်ဆက် ပြောကြားပါတယ်။ အဲဒီနောက်မှာ စီမံကိန်း မိတ်ဆက်ပွဲ တက်ရောက်လာကြသူတွေက စီမံကိန်းနဲ့ ပတ်သတ်ပြီး၊ သိရှိလိုတာတွေကို မေးမြန်းကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့ တာဝန်ရှိသူတွေက ပြန်လည် ဖြေကြားပေးခဲ့ ကြပြီး၊ ရခိုင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးအောင်မျိုးလွင်က နိဂုံးချုပ် အမှာ စကား ပြော ကြားပြီး၊ အခမ်းအနားကို ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

သတင်း - သန်းလွင် (မကွေး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage