ဘဏ္ဍာရေးနှင့် သတင်း ပြန်ကြားဆက်သွယ်ရေးဆိုင်ရာ မွမ်းမံ သင်တန်း မိုင်းခတ်မြို့နယ်တွင် ပို့ချ

မိုင်းခတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော် ဆောင်ရွက် နေတဲ့ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်း ဘဏ္ဍာရေးဆိုင်ရာ မွမ်းမံ သင်တန်းနှင့် သတင်း ပြန်ကြား ဆက်သွယ်ရေးဆိုင်ရာ မွမ်းမံ သင်တန်းကို ဇန်နဝါရီ ၅ ရက်နေ့နှင့် ၆ ရက်နေ့တွေမှာ မိုင်းခတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှာ ကျင်းပခဲ့ပါတယ်။ သင်တန်းမှာ မိုင်းခတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ ဘဏ္ဍ‌ရေးဆိုင်ရာ နည်းပညာ အကြံပေး ဒေါ်ဒေစီဝင်းနှင့် သတင်း ပြန်ကြားဆက်သွယ်ရေး တာဝန်ခံ ဒေါ်ခင်မာဌေးတို့က သင်တန်းတွေ ပို့ချ ပေးခဲ့ပြီး၊ မိုင်းခတ် မြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ လူထု စည်းရုံးရေးမှူးနှင့် လက်ထောက် နည်းပညာမှူး စုစုပေါင်း ၂၃ ဦးတက်ရောက် ပါတယ်။

သတင်း - လူထု စည်းရုံးရေးမှူး တင်အောင် မိုးမြင့်

Credit - Sky Net Media Coverage