လူထုဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် ချမ်းသာ ကျေးရွာတွင် စာသင်ကျောင်း ဆောင်သစ် ဆောက်လုပ်

NCDDP’s School Construction in Chan Thar Ywar of Hlaingbwe Completed 70 Percent

Kayin, 7 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်ရဲ့ အကူအညီနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယ နှစ်စက်ဝန်း) မှာ ဒိုင်းပြကျေးရွာ အုပ်စု၊ ချမ်းသာ ကျေးရွာ ကျောင်းဆောင်သစ် ဆောက်လုပ် ခြင်း လုပ်ငန်း ၇၀% ပြီးစီးနေပြီ ဖြစ်ကြောင်း သိရပါတယ်။

အဲဒီ ကျောင်းဆောင်သစ်ကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ နဲ့ (အလျား ၆၀ပေ x အနံ ၃၀ပေ x အမြင့် ၁၂ပေ) လုပ်ငန်းကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ လူထုဗဟိုပြု စီမံကိန်းက လက်ထောက် နည်းပညာမှူး မခိုင်ဇင်ညို၊ လူထု စည်းရုံးရေးမှူး နန်းချောစုကြည်တို့က အနီးကပ် ကြီးကြပ်မှု၊ ပြည်နယ် အင်ဂျင်နီယာ အကြံပေး ဦးအောင်ကျော်ဇံ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် အင်ဂျင်နီယာ အကြံပေး ဒေါ်ခိုင်ခင်ဦးနဲ့ မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ တို့ရဲ့ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့ရဲ့ ပူးပေါင်း ပါဝင်မှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၁၀၀% ပြီးစီးပါက ချမ်းသာ ကျေးရွာမှ အိမ်ထောင်စု (၈၀)စု၊ လူဦးရေ (၅၉၃) ဦးတို့ရဲ့ ကျောင်းသား (၂၆)ဦး၊ ကျောင်းသူ (၃၄)ဦး တို့ လုံခြုံစိတ်ချစွာ စနစ်တကျ ပညာ သင်ကြားနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် ( ပြန်/ဆက် )

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage