ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းနှင့်အဖွဲ့ တွန်းဇံ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း လူထု စစ်ဆေးပွဲနှင့် Cash for Work လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူချုပ် ဦးမောင်ဝင်း၊ ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ‌ဖြိုး တိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကြည်စောနှင့် တာဝန်ရှိသူ တွေ အဖွဲ့ဟာ ဩဂုတ် ၂၃ ရက်နေ့မှာ ချင်းပြည်နယ်၊ ဖလမ်းခရိုင် တွန်းဇံမြို့နယ်၊ ဖိုင်တူ ကျေးရွာအုပ်စု ဖိုင်တူကျေးရွာမှာရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေ ၂၃.၉၅ ကျပ်သန်း နဲ့ ဆောင်ရွက်ခဲ့တဲ့ ကျောက်ကြီးစီ ရေနှုတ်မြောင်းနဲ့ ရေထုတ်ပြွန် တည်ဆောက်ခြင်း လုပ်ငန်း လူထုစစ်ဆေးပွဲ အခမ်းအနားကို တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးရွာလူထုတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါတယ်။

 

ဆက်လက်ပြီး တာဝန်ရှိသူတွေ အဖွဲ့ဟာ ဇမ်းပီးကျေးရွာအုပ်စု ဇမ်ပီးကျေးရွာကို သွားရောက်ကာ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ၁၀.ဝ ကျပ်သန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ရွာတွင်း မြေသားလမ်းနဲ့ ရေနှုတ်မြောင်း ဖောက်လုပ်တဲ့ လုပ်ငန်း ပြီးစီးမှုတွေ ကို ကွင်းဆင်း ကြည့်ရှူ့ စစ်ဆေးခဲ့ပါတယ်။

 

သတင်း - ဦးဇော်ဝင်း (CSAGS)

Credit- SkyNet Media Coverage