လူထုဗဟိုပြုစီမံကိန်းမှ Public Dialogue အမျိုးသမီးများပူးပေါင်းပါဝင်မှုအခွင့်အလမ်းဆိုင်ရာ ဆွေးနွေးခြင်းအား လွိုင်ကော်မြို့တွင် ပြုလုပ်

Kayah, February 20, MRTV Media Coverage

ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ အမျိုးသမီးများရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးပုံ၊ ဒေသတွင်း လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ငန်းများမှာ အမျိုးသမီးများ ပိုမိုပါဝင်ဆောင်ရွက်လာနိုင်စေဖို့ စီမံကိန်း ဒေသများရှိ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာနိုင်စေဖို့ ပံ့ပိုးပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ကယားပြည်နယ် လွိုင်ကော် ရှားတော မြို့နယ်၊ CDD လူထုဗဟိုပြု စီမံကိန်းမှ Public Dialogue အမျိုးသမီးများ ပူးပေါင်း ပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက လွိုင်ကော်မြို့ရှိ မြို့နယ် ခန်းမမှာ ကျင်းပ ခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်က အမှာစကားပြောကြားခဲ့ပါ တယ်။

 

အဲဒီနောက် ပြည်ထောင်စု ကျား၊ မ ရေးရာ အဖွဲ့မှ ဒေါက်တာ ညွှန်းသွယ့်သွယ့်နိုင်က အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးရတဲ့ ရည်ရွယ်ချက်များ ရှင်းလင်းခဲ့ပြီး၊ ဒေသအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အမျိုးသမီး ပါဝင်မှု အခန်းကဏ္ဍ၊ ရရှိလာတဲ့ အကျိုးကျေးဇူးများ၊ အနာဂါတ်မှာ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အရေး ပိုမိုရရှိလာစေခြင်း စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြီး၊ တက်ရောက်လာတဲ့ အမျိုးသမီး ကော်မတီဝင်များက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသီးသီး ပြန်လည် ဖြေကြားခဲ့ပါတယ်။

သတင်း - လွိုင်ကော် သတင်းဌာနခွဲ၊ MRTV

 

https://www.mrtv.gov.mm/mm/news-66560?fbclid=IwAR2_PwozMxfaAXoNtnxDkwb1vis-ys8AXhFxpkotZ6kAE1mdsRwtJugIw2E