လွိုင်ကော် မြို့နယ် လောပိတ စံပြကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်

ကယားပြည်နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးကျော်သူအောင်နဲ့ အဖွဲ့က မေလ ၃၀ ရက်နေ့က လွိုင်ကော် မြို့နယ်အတွင်း ဆောင်ရွက်နေတဲ့ မထောခူ ကျေးရွာ အုပ်စု၊ လောပိတ စံပြကျေးရွာရဲ့ စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၈၂ သိန်းနဲ့ ဆောင်ရွက်တဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်တာ လောပိတ အုပ်စု၊ လောဒါလေး ကျေးရွာရဲ့ စီမံကိန်း ထောက်ပံ့ငွေကျပ် ၂၉၀၊ လူထုထည့်ဝင်ငွေ ၅၆ သိန်းနဲ့ ဆောင်ရွက် နေတဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်နေတဲ့လုပ်ငန်းတွေကို ကွင်းဆင်း ကြည့်ရှု့ ခဲ့ကြပါတယ်။

 

အခု အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေဟာ ကျေးရွာတွေ အတွက် စီးပွားရေး လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကိစ္စတွေမှာ များစွာ အထောက်အကူ ဖြစ်စေမယ်လို့ သိရပါတယ်။

 

သတင်း - စိုင်းစိုင်း (လွိုင်ကော်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank