လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်း လုပ်ငန်းများအတွက် ရွှေဂွန်းကျေးရွာတွင် နည်းပညာ ဆွေးနွေးပို့ချ

ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ အကောင်အထည်ဖေါ် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မှာ စီမံကိန်းလုပ်ငန်းများအား နည်းပညာပေး ဆွေးနွေးပွဲကို ဩဂုတ်လ ၂၁ ရက်နေ့က ရွှေဂွန်း​ ကျေးရွာမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

 

လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မှာ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို စနစ် တစ်ကျ ဆောင်ရွက်တတ်စေရန် စီမံကိန်း လုပ်ငန်းအား ကြီးကြပ်တတ်စေရန် ဝယ်ယူရေး အစီအစဉ်၊ လည်ပတ် ထိန်းသိမ်းရေး အစီအစဉ်၊ ရသုံး မှန်းခြေဇယား ရေးဆွဲ အသုံးပြုတတ်စေရန်အတွက် ဆွေေနွေးခဲ့ကြပြီး၊ လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက် နည်းပညာမှူး၊ လူထုစည်းရုံး​ရေးမှူး၊ မြို့နယ် နည်းပညာ အကြံ​ပေးရေးအဖွဲ့နဲ့ ရွှေဂွန်း ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage