လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းမှ ကော့ကရိတ် မြို့နယ် ရွာ ကလေး ကျေးရွာ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ပြီးစီး

NCDDP’s Village Concrete Street Construction in Ywar Ka Lay Completed

Kayin, 27 November 2020, SkyNet Media Coverage

 

ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ ကရင် ကျောက်ဖျာ ကျေးရွာ အုပ်စု ရွာ ကလေး ကျေးရွာမှာ အရှည်ပေ ၁၆၅၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ရှိတဲ့ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၂၅ ရက်နေ့က အောင်မြင်စွာ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရပါတယ်။

စီမံကိန်းမှ ထောက်ပံ့ ရန်ပုံငွေ၊ ကျေးရွာ လူထုမှ ထည့်ဝင်ငွေ စုစုပေါင်း ၂၆၃ သိန်းကျော် နဲ့ ဆောင်ရွက်ပြီးစီး ခဲ့ပြီးတော့ ကျေးရွာ လူဦးရေ ၈၁၉ ဦးတို့ ရာသီ မရွေး အဆင်ပြေစွာ သွားလာ နိုင်မည် ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - စောဌေးရီ (ကျေးလက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage