မိုင်းခတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ မြို့မ ဈေးကြီးအတွင်း Covid-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ Information Campaign ကျင်းပခဲ့

မိုင်းခတ် မြို့နယ် လူထု ဗဟိုပြု စီမံကိန်းမှ မြို့မ ဈေးကြီးအတွင်း Covid-19 ရောဂါ ကာကွယ်ရေးဆိုင်ရာ Information Campaign ကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင်ကျင်းပခဲ့ကြတယ်လို့လဲ သိရပါတယ်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ Covid-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ပါးစပ်၊ နှာခေါင်းစည်း စနစ်တစ်ကျ ဝတ်ဆင်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ရန် Mask အသုံးပြုတဲ့ အလေ့အထများ ပိုမိုအားကောင်းလာစေရန် ပြည်သူများအနေနဲ့ Covid-19 ရောဂါကာကွယ်ရန် လိုအပ်နေသေးကြောင်း နိုးနိုးကြားကြား ရှိကြကာ ဆက်လက် ကာကွယ်နိုင်ကြရန် ရည်ရွယ်ပြီးတော့ မိုင်းခတ်မြို့နယ် မြို့မ ဈေးကြီးမှာတော့ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီမှ ၇ နာရီအထိ သတင်း ပြန်ကြား ဆက်သွယ်ရေးဆိုင်ရာ Information Campaign ကို ကျင်းပ ဆောင်ရွက်ခဲ့ကြပါတယ်။

 

အဆိုပါ Campaign မှာတော့ ဈေးရောင်း ဈေးဝယ်များနဲ့ ပြည်သူလူထုများအား Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုနဲ့ ပတ်သတ်ပြီးတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်များနဲ့ အညီ လိုက်နာ ဆောင်ရွက်နိုင်ရန် Covid-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သတ်တဲ့ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ စီမံကိန်းနဲ့ ပတ်သတ်တဲ့ သတင်း အချက်အလက်များနဲ့ Covid-19 နဲ့ ပတ်သတ်တဲ့ အသိပညာပေး ပိုစတာများ ပြသထားခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက် ခဲ့ကြပါတယ်။

 

တစ်ဆက်တည်းမှာပဲ အဝတ်စ နှာခေါင်းစည်း Mask အခုရေ ၁၀၀၀ ကို ဈေးရောင်းဈေးဝယ်များအား တစ်ဦးချင်းစီအလိုက် အခမဲ့ ဝေငှပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - တင်အောင် မိုးမြင့်

Credit- YTV

#NCDDP #DRD #MOALI #WorldBank