ပူတာအို မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဖတ်မာဒါး ကျေးရွာ မူကြို ကျောင်းဆောင်သစ်အတွက် လူထု စစ်ဆေးပွဲပြုလုပ်

Social Audit Conducted for NCDDP’s Nursery School Building in Hpa Ma Dar Village of Putao

Kachin, 24 October 2020, SkyNet Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် ကချင်ပြည်နယ် ပူတာအို မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ဖတ်မာ အုပ်စု ဖတ်မာဒါး ကျေးရွာမှာ မူကြိုကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနဲ့ ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးခဲ့တဲ့အတွက် လူထု စစ်ဆေးပွဲကို အဲဒီ မူကြိုကျောင်း ဆောင်သစ်မှာ အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ရာ လူထု ဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်ခင်မေဝင်းက အဖွင့် အမှာ စကား ပြောကြားခဲ့ပြီး၊ လူထု စစ်ဆေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက် တွေကို တာဝန်ကျ စည်းရုံးရေးမှူးက ရှင်းလင်း တင်ပြခဲ့ပါတယ်။

ဖက်မာ အုပ်စု ဖက်မာဒါး ကျေးရွာဟာ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ ထောက်ပံ့ ရန်ပုံငွေကျပ် ၉၉ သိန်းနဲ့ မူကြိုကျောင်းဆောင်ကို ဆောက်လုပ် ပြီးစီးခဲ့ရာ ကျေးရွာမှာ ရှိတဲ့ အိမ်ထောင်စု ၃၅ စု လူဦးရေ ၂၃၁ ဦးတို့အတွက် အကျိုးခံစားခွင့် ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

သတင်း - ဉာဏ်လင်း

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage